ubuntu 12.10 အတွက် ဇော်ဂျီ ကီးဘုတ် ရှိပါသလား၊ ဝင်းဒိုး မှာ သုံးရတဲ့ လက်ကွက်ပုံစံနဲ့ တူတာကို လိုချင်တာပါ၊ system setting --- keyboard layout ကို သွားပြီး Burmese ကီးဘုတ်ကို ရွေးပြီး မြန်မာလို ရိုက်လို့ ရတာ သိပါတယ်၊ ဒါပေမဲ့ အဲဒါက Zawgyi One font မဟုတ်ပါဘူး၊ Libre ထဲမှာ စာရိုက်ဖို့ Zawgyi One ကို ရွေးထားပေမဲ့ ကီးဘုတ် ကို us ကနေ my ကို ရွေးပြီး ရိုက်လိုက်တဲ့ အခါ ရွေးထားတဲ့ Zawgyi One font မဟုတ်တော့ဘဲ တခြားဟာ ပြောင်းသွားပါတယ်၊ အဲသည်လို မဖြစ်အောင်၊ MSWord ထဲမှာ ဇော်ဂျီ နဲ့ ရိုက်ရသလို ရိုက်လို့ရမယ့် နည်းလမ်းမျိုး မရှိဘူးလား ခင်ဗျာ...
Originally Posted by mshan ubuntu 12.10 အတွက် ဇော်ဂျီ ကီးဘုတ် ရှိပါသလား၊ ဝင်းဒိုး မှာ သုံးရတဲ့ လက်ကွက်ပုံစံနဲ့ တူတာကို လိုချင်တာပါ၊ http://ubuntuforums.org/showpost.php...8&postcount=10 မှာ ကြည့်ပါ။ လက်ကွက်က တော်တော်လေးကို တူပါတယ်။ (စာလုံးပေါင်းထားတဲ့ စာလုံးတွေ - ဥပမာ - W, Q တို့မှာ ယပင့် (ျ ) (ှ ) တစ်ခုထဲ ဖြစ်နေတာလောက်ပဲ ကွဲတယ် ထင်တာပဲ။ အဲဒါတွေကလဲ ၂ ခါ ရိုက်လို့ ရတော့ အဆင်ပြေမှာပါ။ system setting --- keyboard layout ကို သွားပြီး Burmese ကီးဘုတ်ကို ရွေးပြီး မြန်မာလို ရိုက်လို့ ရတာ သိပါတယ်၊ ဒါပေမဲ့ အဲဒါက Zawgyi One font မဟုတ်ပါဘူး၊ Unicode - Myanmar 3 keyboard ပါ။ Layout ကို ဒီနေရာမှာ ကြည့်ပါ။ Libre ထဲမှာ စာရိုက်ဖို့ Zawgyi One ကို ရွေးထားပေမဲ့ ကီးဘုတ် ကို us ကနေ my ကို ရွေးပြီး ရိုက်လိုက်တဲ့ အခါ ရွေးထားတဲ့ Zawgyi One font မဟုတ်တော့ဘဲ တခြားဟာ ပြောင်းသွားပါတယ်၊ အဲသည်လို မဖြစ်အောင်၊ MSWord ထဲမှာ ဇော်ဂျီ နဲ့ ရိုက်ရသလို ရိုက်လို့ရမယ့် နည်းလမ်းမျိုး မရှိဘူးလား ခင်ဗျာ... CTL font ပြောင်းပေးရင် ရပါတယ်။ Log In ဝင်ပြီး ကြည့်ပါ။ ပုံမြင်ရပါမယ်။ Menu bar က Tools >> Options Language Settings ကို double click လုပ်ပါ။ Languages ကို နှိပ်ပါ။ ညာဖက်က Default Languages for documents >> CTL မှာ [none] ကို ရွေးပါ။ [Enhanced language support မှာ Enable for complex text layout (CTL) ကို အမှန်ခြစ်ထားရပါမယ်။ တကယ်လို့ CTL ရွေးလို့ မရရင် အပေါ်က Locale Settings မှာ Burmese ကို ရွေးပေးဖို့ လိုကောင်းလိုပါမယ်။] CTL မှာ [none] ကို ရွေးပြီးရင် ဘယ်ဖက်က LibreOffice Writer ကို double-click လုပ်ပါ။ Basic Fonts (CTL) ကို နှိပ်ပြီး ညာဖက်မှာ Zawgyi-One ကို လိုသလို ရွေးပေးရုံပါ။ အဆင့်တွေမှာ OK နှိပ်ဖို့ မမေ့ပါနဲ့။ မဟုတ်ရင် Save လုပ်မှာ မဟုတ်ပါဘူး။ အားလုံးပြီးရင် စိတ်ချရင်အောင် LibreOffice ကို တချက်ပိတ်ပြီး ပြန်ဖွင့်ပါ။ မြန်မာလို ရိုက်လိုက်ရင် Zawgyi-One, English ဆို တခြား font ဖြစ်နေတာ တွေ့ပါမယ်။ English font ကိုပါ ပြင်ချင်ပြင်လို့ ရပါတယ်။ ဒါပေမဲ့ မလိုအပ်ပါဘူး။ CTL font ပြောင်းတာနဲ့ ရပါတယ်။ နဂို CTL က Hindi လားမသိဘူး။ ဒါကြောင့် ကီးဘုတ်ပြောင်းရင် နှေးသလိုဖြစ်တာ၊ စာလုံး မှန်မှန် မမြင်တာ ဖြစ်တာပါ။ Unicode သုံးရင်တော့ CTL language မှာ Burmese လို့ ရွေးတာနဲ့ Padauk ကို autodetect လုပ်ပါတယ်။
Last edited by mgngapyin; January 1st, 2013 at 09:17 AM.
I have a number of issues with Zawgyi/Padauk fonts. I have installed the two as advised in mm-deb pkg. And also taken the above steps. I still can not get the correct words. I will write zagyi below. ဇျော၈ြီ Could you please help me get it right (for both zawgyi and Padauk). Thank you.
ကြည့်တာမပြည့်စုံလို့ပါ။အခုမှသေသေချာချာ ဘတ်ပြီးပြန်ရိုက်တော့မှန်သွားပါပြီ
Ubuntu Forums Code of Conduct